Yangon International Motor Show 2020


ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်တော့မယ့် နိုင်ငံတကာအဆင့်မီရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ
===========================================
နိုင်ငံတကာအဆင့်မီ ကားပြပွဲမျိုးကို သွားရောက်ပြီး အဆင့်မြင့်ကားသစ်ကြီးတွေကို ဝယ်ယူဖို့ စီစဉ်နေသူတွေ၊လေ့လာဖို့ ဆန္ဒရှိနေသူတွေ၊ ယာဉ်အပိုပစ္စည်းတွေကို ဝယ်ယူဖို့စိတ်ဝင်စားနေသူတွေ၊ အလန်းစားကားသစ်ကြီးတွေကို ကိုယ်တိုင်စမ်းသပ်မောင်းနှင်ချင်သူတွေအတွက်အတွက် သတင်းကောင်းတစ်ခုပါးချင်ပါတယ်။
ဒါကတော့ ဒုတိယအကြိမ်မြောက် ၂၀၂၀ ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ (2nd Yangon International Motor Show 2020) ကို လာမယ့် ၂၀၂၀ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင် Inya Lake Hotel ဝင်းထဲက Yangon Convention Centre (YCC) မှာစည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
နိုင်ငံတကာအဆင့်မီ ကားပြပွဲကြီးဖြစ်တဲ့ 2nd Yangon International Motor Show ကိုတော့ ထိုင်းနိုင်ငံ အခြေစိုက် BIMS (Bangkok International Motor Show) ရဲ့လုပ်ငန်းခွဲ GPI Myanmar ကနေဦးစီးကျင်း ပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံကားလုပ်ငန်းရှင်များအဖွဲ့အစည်း(AAM)နဲ့ Yangon Convention Centre (YCC) တို့မှ ပါဝင်ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်ပြသရောင်းချပေးသွားကြမယ့် Brand တွေကတော့…
BMW Myanmar
DFM Myanmar
Ford Myanmar
FUSO Myanmar
GAC Motor Myanmar
Jaguar Land Rover
Mazda Myanmar
Mercedes-Benz Myanmar
Nissan Myanmar
Scania Myanmar
Suzuki Myanmar Motor
Toyota Myanmar
Volvo Cars Myanmar
Venue : http://www.yangoncc.com/en/home/
https://www.facebook.com/Yangoncc/

Comments

Popular posts from this blog

Recent Projects