အစားအသောက်၊ ဂီတ၊ ဖက်ရှင်နဲ့ Art Work တွေကို တစ်နေရာထဲမှာခံစားနိုင်မယ့် ” Singapore Festival 2020 ” ပွဲတော်

Singapore Festival 2020 က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နဲ့၂ရက်မှာ နေ့လည် ၃နာရီကတေ ည ၁၀နာရီအထိ ကမ္ဘာအေးဘုရားလမ်းပေါ်က ချင်းချောင်းနန်းတော်မှာ ကျင်းပပေးသွားမှာပါ။ အစားအသောက်ခုံမင်သူတွေ၊ ပါတီချစ်သူတွေ၊ အနုပညာမြတ်နိုးသူတွေနဲ့ဈေးဝယ်ဝါသနာအိုးလေးတွေအားလုံးတောင့်တနေခဲ့တဲ့ ရှာဖွေမှုအသစ်တွေ၊ ခံစားမှုအတွေ့အကြုံသစ်တွေကို စင်ကာပူပွဲတော်ကြီးက ဖြည့်ဆည်းပေးသွားမှာနော်။ ရန်ကုန်မြို့မှာနေထိုင်ကြတဲ့ မိသားစုတွေအတွက် အဓိကထားကျင်းပတာဖြစ်ကာ အစားအသောက်နှစ်သက်သူတွေ၊ အနုပညာမြတ်နိုးသူတွေ၊ စျေးဝယ်ထွက်လိုသူတွေအတွက် တစ်နေရာထဲမှာ အဆင်ပြေစေမယ့် ပွဲတစ်ခုဖြစ်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။

Comments

Popular posts from this blog

Outdoor Tent, Canopy Tent, Event Tent, Promotion Tent, Marquee Rental and Decoration