Booth Set Up at Myanmar International Textile & Machinery Expo 2019
Modern Innovation Myanmar, Events, Exhibitions, Booth Decorations Ltd











MYANMAR INTERNATIONAL TEXTILE & MACHINERY EXPO 2019 (MMtixfair) is officially open for 3 days at Myanmar Convetion Center and there are about 300 companies displaying their products such as Textile, Machinery, Garments, Generators, Motorbike etc…and looking for business partners, importer in Myanmar.

Modern Innovation Myanmar Also Happy To Be Part Of The MMtexfair 2019 by Setting Up Special Booth at the fair.

Thanks To Organizer, Associations, Organizations & Exhibitors, Venue, Contractor and All Who Support This Fair To Happen

Best Of Luck,
Modern Innovation Myanmar Events & Booth Decorations Ltd

About MMtexfair & Lucky Draw Programme at the official page below

အခုကျင်းပပြုလုပ်နေတဲ့
Myanmar International Textile And Machinery Fair &
Myanmar Int’l Mechanical Manufacturing Expo 2019
ပွဲကြီးကို ဒီဇင်ဘာလ (၆) ရက်၊ မနက် (၉) နာရီမှာ
ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့်
တရုတ်နိုင်ငံဘက်မှ အထူးဧည့်သည်တော်သုံးဦးတို့မှ
အမှာစကားပြောကြားသွားခဲ့ပြီး ဖိတ်ကြားထားသော
အထူးဧည့်သည်တော်များမှ ဖွင့်ပွဲအခမ်းအနားကို
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသွားတာဖြစ်ပါတယ်။

ပြပွဲကြီးကို လာရောက်ကြည့်ရှုသူများအနေနဲ့လည်း
အဝင်ဝမှာ Register Form ပြုလုပ်ရုံနဲ့
အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပြီး
ပြပွဲကြီးကိုလာရောက်ကြည့်ရှုသော ပရိသတ်များအနေဖြင့်
ထူးခြားတဲ့ အစီအစဉ်တွေကို ပါဝင်ဆင်နွှဲနိုင်ပါတယ်။

ပါဝင်ပြသမည့်ပစ္စည်းများကတော့
ပိတ်စအမျိုးမျိုး နှင့် အပိုပစ္စည်းများ၊
အဝတ်အထည်များ၊ Textile စက်ပစ္စည်းအမျိုးမျိုး၊

ကား၊ မော်တော်ဆိုင်ကယ်နှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊
ကုန်မာပစ္စည်း၊ လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊
မီးစက်၊ ကွန်ပရက်ဆာနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊
အရုပ်နှင့်လက်ဆောင်ပစ္စည်းအမျိုးမျိုး၊
အိမ်သုံးလျှပ်စစ်ပစ္စည်း နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံတို့ပဲဖြစ်ပါတယ်။

အချိန်။ ။ မနက် (၉) နာရီ မှ ညနေ (၆) နာရီထိ။
နေ့ရက်။ ။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ၆၊ ၇၊ ၈ ရက်။
နေရာ။ ။ မြန်မာကွန်ဗင်းရှင်းစင်တာ။
Myanmar Convention Centre /MCC.

Lucky Draw အနေနဲ့

6th December, 2019 (Friday)

Hawei Mate30 Pro – တစ်လုံး
Huwei P30 Lite – နှစ်လုံး
Huawei Band 4 – သုံးလုံး

7th December, 2019 (Saturday)

Huawei P30 Pro – တစ်လုံး
Huawei P30 Lite – နှစ်လုံး
Huawei Band 4 – သုံးလုံး

8th December, 2019 (Sunday)

iPhone 11 – တစ်လုံး
Huawei P30 Lite – နှစ်လုံး
Huawei Band 4 – သုံးလုံး

စတာတွေကို ပွဲတက်ရောက်လာသူများထဲမှ
ကံထူးရှင်ကိုရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီထက်ပိုထူးခြားတာကတော့
​လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင်လိပ်စာကဒ်ယူလာခဲ့ရင်
ဖုန်းငွေဖြည့်ကဒ် ၁၀,၀၀၀ တန် နှင့်
၂၀,၀၀၀ ကျပ်တန်ဖိုးရှိသော ခရစ်မတ်လက်ဆောင်ပစ္စည်းများကိုပါ
ပေးအပ်သွားမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက
https://www.facebook.com/mmitexpo/

Comments

Popular posts from this blog

Recent Projects